ရန်ကုန် ၂ ဩဂုတ်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ရွာမချောင်းဖြတ်တံတား(၂)စင်း တည်ဆောက်ပြီးစီးမှု အခြေအနေအား ယမန်နေ့ မွန်းလွဲ ၂ နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၊ မြို့နယ်လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံ အင်ဂျင်နီယာ ဦးသန်းဦးနှင့် တာဝန်ရှိသူများသည် ရွာမအနောက်ရပ်ကွက်၊ ရွာမချောင်းဖြတ်တံတား(၂)စင်း တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် မြို့ပတ်လမ်းရှိ မြို့နယ်ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသည့် လမ်းအောက်ရေမြောင်း (Box Culvert) ပြုလုပ်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်တို့မှ လုပ်ငန်းအခြေအနေများကို ရှင်းတင်ပြခဲ့ရာ တာဝန်ရှိသူများက ရေစီးရေလာ ကောင်းမွန်စေရေးအတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)