သုံးခွ ၂ ဩဂုတ်
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုရီးယားနိုင်ငံ KOICA အဖွဲ့၏ ကူညီထောက်ပံ့မှုဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လက်ပန်စံပြကျေးရွာတွင် (စီမံကိန်းလွန်ကာလ) ၌ လူနေမှုပတ်ဝန်းကျင် တိုးတက်ကောင်းမွန်စေရေး အစီအစဉ်ဖြင့် ပြည်သူများ သွားလာရေးအဆင်ပြေစေရန် ယမန်နေ့နံနက်ပိုင်းက ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းမှာ အရှည်ပေ ၅၂၀၊ အကျယ် ၆ ပေ၊ ထု ၆ လက်မဖြစ်ပြီး စီမံကိန်းတိုးပွားစေရေး လုပ်ငန်းစဉ်မှ အတိုးရငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းအား လက်ပန်စံပြကျေးရွာ၊ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ကော်မတီဥက္ကဋ္ဌ ဦးစိန်နွဲ့နှင့် ကော်မတီဝင်များက ကြီးကြပ်၍ ကျေးရွာသူကျေးရွာသားများက အလှူငွေသာမက လုပ်အားဒါန အာဟာရဒါနများ ပါဝင်ကူညီ လှူဒါန်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စည်သူလင်း (ပြန်/ဆက်)