နေပြည်တော် ၃ ဩဂုတ်
ယနေ့နံနက် ၇ နာရီ မိနစ် ၅၀ ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၇၆/၅)နှင့် (၁၇၆/၆)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး သာဂရအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သာဂရအမြန်လမ်းမကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦး၊ ကလေး (၂)ဦး စုစုပေါင်း (၆)ဦးအနက် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦး (သေဆုံး)အား ဆွာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၈ နာရီတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၂၅/၂)နှင့် (၁၂၅/၃)ကြားတွင် မော်တော်ယာဉ်(၁)စီး ရှေ့ယာဘီးပေါက်၍ လမ်းလယ်ကျွန်းအား ဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဗောဓိကုန်းအမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း။
နံနက် ၈ နာရီတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၃၃/၆)အနီးတွင် မော်တော်ယာဉ် (၁)စီးသည် လမ်းချော်၍ လမ်းလယ်ကျွန်းအား ကျော်တက်ကာ ဘယ်ရီယာတုံးများအား ဝင်တိုက်တိမ်းမှောက်မှုဖြစ်ပွားခဲ့သဖြင့် စကားအင်း အမြန်လမ်းနယ်မြေ မီးသတ်စခန်းနှင့် ပြင်စည်အမြန်လမ်းနယ်မြေ မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ စကားအင်းအမြန်လမ်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၄)ဦးအနက် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂) ဦး (သေဆုံး)နှင့် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိတို့အား တံတားဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
MDN
ဓာတ်ပုံ- MFSD