ရန်ကုန် ၃ ဩဂုတ်

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေမြောင်းအတွင်း အမှိုက်များပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် မြို့နယ်ရေစီးရေလာဌာနမှ AE ဦးဟန်ကျင် တာဝန်ယူဆောင်ရွက်နေသော တောင်သူကုန်းရပ်ကွက်၊ နိဗ္ဗာန်လမ်းမကြီးတစ်လျှောက်ရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန်နှင့် မိုးရွာသည့်အခါ လမ်းရေမတင်စေရန် လိုအပ်သည့် နေရာတွင် Box Culvert ပြုလုပ်ပေးနေသော လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလျင်မြန်စွာ ပြီးစီးရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေကြသော ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများအား ကျေးဇူးတင်စကားပြောကြားကာ လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)

 

mdn