၃-၈-၂၀၂၀ ရက်၊ ကင်ဘာရာ
၁။ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေခဲ့ကြသော မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသား (၁၁) ဦး စုစုပေါင်း (၁၄၁) ဦး တို့ကို မြန်မာအမျိုးသားလေကြောင်း Myanmar National Airlines (MNA) UB-9802 ဖြင့် ၃-၈-၂၀၂၀ ရက် (တနင်္လာနေ့) ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှ ရန်ကုန်မြို့သို့ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်သည်။
၂။ ပြန်လည်ထွက်ခွာသွားကြသော မြန်မာနိုင်ငံသားများ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးနှင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရန်အတွက် သံအမတ်ကြီး ဦးသာအောင်ညွန့်နှင့် သံရုံးဝန်ထမ်းများကလေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
၃။ ကယ်ဆယ်ရေးလေယာဉ် စီစဉ်ဆောင်ရွက်နိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ မူဝါဒ နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တို့၏ လမ်းညွှန်ကွပ်ကဲမှုများ၊ ဆက်စပ်ဝန်ကြီးဌာနများဖြစ်သည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနတို့၏ ပံပိုးမှုများ၊ မြန်မာ့အမျိုးသားလေကြောင်း၊ သြစတြေးလျနိုင်ငံအာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ချောမောအောင်မြင် စွာဆောင်ရွက်နိုင်ခဲ့ပါကြောင်း သိရှိရသည်။
Credit #Ministry_of_Foreign_Affairs