၃ ဩဂုတ်

 

 

ကိုလံဘီယာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၁၇၆၅၁ ဦး ရှိကြောင်း ကိုလံဘီယာ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

 

ပြီးခဲ့သည့်နေ့က ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၃၂၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် သေဆုံးသူပေါင်း ၁၀၆၅၀ ရှိလာသည်။

 

 

တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ အရေအတွက် ၁၁၄၇၀ ထပ်မံတွေ့ရှိခဲ့ရသည်။

 

 

ရောဂါကူးစက် ခံရပြီးနောက် ကျန်းမာရေး ကောင်းမွန်လာသူပေါင်း ၁၆၇၂၃၉ ဦး အထိ မြင့်တက်လာသည်။

 

 

နိုင်ငံတစ်ဝှမ်း အဝင်အထွက် ကန့်သတ်ပိတ်ဆို့မှုသည် ဩဂုတ် ၃၀ ရက်အထိ အကျိုးသက်ရောက်မည် ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို