ထားဝယ် ၃ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်ကြုတ်ဒေသ၌ သြဂုတ် ၂ ရက် နံနက်ပိုင်းတွင် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့် ဦးစီး၍ တပ်ဖွဲ့ဝင်များက ဘိန်းစာပင်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့် ဦးစီး၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ KNU ငြိမ်းချမ်းရေးအဖွဲ့ဝင်များ၊ ဒေသခံကျေးရွာ ပြည်သူလူထုတို့ စုပေါင်း၍ မူးယစ်ဆေးဝါးဘိန်းစာပင်များ ပေါက်ရောက်လျက်ရှိသည့် မြေနေရာ (၁၅)ဧကခန့်ရှိ ဘိန်းစာပင် ၁၅၀၀၀၊ ဘိန်းစာရွက်အစို အလေးချိန် ၁၅၀၀၀ ကီလိုဂရမ်ခန့်အား ခုတ်ထွင်တူးဖော် မီးရှို့ဖျက်ဆီး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)