လမိုင်း ၃ ဩဂုတ်
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ ကုလားကုတ်ကျေးရွာအုပ်စု ပသျှူးချောင်းကျေးရွာတွင် ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က လေပြင်းတိုက်ခတ်ပြီး ပင်လယ်ရေလှိုင်း ပုတ်ခတ်မှုကြောင့် မျောတိုင်၊ ဝါးတို့ဖြင့် ပြုလုပ်ထားသော ငါးလှမ်းကြပ်စင်များ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်ပြီး ပင်လယ်ရေလှိုင်းပုတ်ခတ်မှုကြောင့် (၈၀ x ၃၀ x ၁၅)ပေ ပတ်လည်ရှိ ငါးလှမ်းဝါးကြပ်စင် ၁၂ ခု ပြိုကျပျက်စီးခဲ့ရာ ဆုံးရှုံးမှုခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၄၈၀ ရှိပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
လမိုင်း(ပြန်/ဆက်)