၃ ဩဂုတ်

 

 

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး ကူးစက်မှုဟာ တကျော့ပြန် အခြေအနေမှာ ရောက်ရှိနေကြောင်း အိမ်ဖြူတော်ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သတ်တဲ့ အကြံပေး ဒီဘိုရားဘရစ်က တနင်္ဂနွေနေ့က သတိပေးလိုက်ပါတယ်။

 

 

အိမ်ဖြူတော်ရဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ရေး အဖွဲ့ခေါင်းဆောင် ဘရစ်က အမေရိကန်နိုင်ငံရဲ့ လက်ရှိအချိန် ဗိုင်းရပ်စ်ပိုးကူးစက်မှုဟာ မတ်လနဲ့ ဧပြီလတွေ မတူတော့ကြောင်း၊ ကူးစက်မှုဟာ တကျော့ပြန် အခြေအနေမှာ ရှိနေကြောင်း၊ မြို့ပြမှ နေထိုင်သူတွေဟာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကနေ ကာကွယ်ထားခြင်း မရှိကြောင်း သတိပေးပြောကြားပါတယ်။

 

 

ကျွမ်းကျင်ပညာရှင် ဘရစ်က လူတိုင်းက မျက်နှာဖုံးဝတ်ရမယ်၊ တစ်ကိုယ်ရေ ကျန်းမာရေး စောင့်ရှောက်ခြင်းနဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းကမ်းတွေကို လိုက်နာဖို့က အရေးကြီးကြောင်း ဆက်ပြောပါတယ်။

 

 

အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ခံရသူပေါင်း ၄,၆၆၅,၀၀၀ ဦးနဲ့ သေဆုံးသူ ၁၅၄,၈၃၄ ဦးရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

တနင်္ဂနွေနေ့ ၂၄ နာရီအတွင်း ၄၇,၅၀၈ ဦးမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုရှိခဲ့ပြီး ပြီးခဲ့တဲ့ ငါးရက်အတွင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံသူ ၆၀,၀၀၀ ကျော်ကနေ လျော့နည်းသွားတာ ဖြစ်ပါတယ်။

 

 

MDN

ကိုးကား- AFP