၄ ဩဂုတ်

 

 

ဘရာဇီးနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၅၆၁ ဦးကို ထပ်မံတွေ့ရှိခဲ့ရပြီး သေဆုံးသူပေါင်း ၉၄၆၆၅ ဦး အထိ ရှိလာသည်ဟု ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

 

ရောဂါထပ်မံကူးစက်ခံရသူ ၁၆၆၄၁ ဦး ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၂၇၅၀၃၁၈ ဦး ရှိကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

ဘရာဇီးနိုင်ငံသည် လက်တင်အမေရိကတွင် ကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်လာပြီး ကမ္ဘာတစ်ဝှမ်းတွင် အမေရိကန်ပြည်ထောင်စုပြီးလျင် ဒုတိယကူးစက်မှု အများဆုံး နိုင်ငံဖြစ်သည်။

 

 

လူဦးရေ အထူထပ်ဆုံးပြည်နယ်ဖြစ်သည့် ဆောပိုလိုသည် ကူးစက်မှု ဖြစ်ပွားရာ ဗဟိုချက်ဖြစ်ပြီး ကူးစက်ခံရသူဦးရေ ၅၆၀ဝ၀ဝ ရှိပြီး သေဆုံးသူ ၂၃၃၆၅ ဦး ရှိသည်။

 

 

ရီယိုဒီဂျနေးရိုပြည်နယ်တွင် ကူးစက်ခံရသူ ၁၆၈၀၆၄ ဦးနှင့် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၃၆၀၄ ဦး ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို