ညောင်ရွှေ ၄ ဩဂုတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများတွင် ဩဂုတ်(၃)ရက် က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ရွှေ - ရွှေညောင် လမ်းမပေါ်၌ အချို့နေရာ များတွင် ရေကျော်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ညောင်ရွှေ-ရွှေညောင်လမ်းမပေါ်ရှိ ကီလိုမီတာတိုင်အမှတ်(၄.ဝ ကီလိုမီတာ)နှင့်(၅.၅ ကီလိုမီတာ)ကြား ကန်ထောင့် ကျေးရွာနှင့် ပေါရိဿဒ်ကျေးရွာတို့တွင် ကားလမ်းမပေါ်သို့ ရေကျော် လျှက်ရှိပြီး အဆိုပါ ရေကျော်မှုကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုကို တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ရေကျော်နေသည့် အချို့နေရာများတွင် ကားလမ်းမပေါ်သို့ ရေ(၄)လက်မခန့် ဖြတ် ကျော်လျှက်ရှိပြီး လမ်းအသုံးပြုသူများ အန္တရာယ်ကင်းရှင်းရေးအတွက် မြို့နယ်လမ်းဦးစီးဌာနမှ အမှတ်အသားရောင်စုံ အလံငယ်များ စိုက်ထူပေးထားကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ