ဖျာပုံ   ၄  သြဂုတ်

 

ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ငါးလုပ်ငန်း ဦးစီးဌာနရုံး မြေနေရာတို့အတွက် သိမ်းဆည်းခံတောင်သူများထံသို့ ဒုတိယအကြိမ် မြေယာလျော်ကြေးငွေ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဖျာပုံမြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိတို့က မြေယာလျော်ကြေးပေးအပ်ရခြင်းနှင့် စပ်လျဉ်း၌ ရှင်းလင်း ပြောကြားသည်။

 

အဆိုပါ သိမ်းဆည်းခံမြေများအတွက် မြေယာလျော်ကြေးငွေ ပေးအပ်ရာတွင် ငါးလုပ်ငန်းဦးစီးဌာန၊ အမာမြို့ရုံး မြေဧရိယာ (၀.၁၉)ဧကအတွက် မြေပိုင်ရှင် ဒေါ်ညိမ်းအေးအား နစ်နာကြေး/ လျော်ကြေးငွေကျပ် ၄၀၅၀ဝ၀ဝ နှင့် စည်ပင်သာယာရေးအဖွဲ့ အမာမြို့ရုံး မြေဧရိယာ ပိုင်ရှင်(၃)ဦး ဖြစ်ကြသော မြေပိုင်ရှင် ဦးသာအောင်(ဝ.၄၇)ဧက အတွက် နစ်နာကြေး/လျော်ကြေးငွေကျပ် ၁၃၅၆၈၇၀ဝ၊ မြေပိုင်ရှင် ဦးမောင်ဇော် (ဝ.၃၉)ဧကအတွက် နစ်နာကြေး/လျော်ကြေး ငွေကျပ် ၇၆၆၁၄၄၅ နှင့် မြေပိုင်ရှင်ဦးစိုးနိုင် (ဝ.၄၁)ဧကအတွက် နစ်နာကြေး/လျော်ကြေးငွေကျပ် ၇၆၆၁၄၄၅ ကို ကာယကံရှင်များထံ လျော်ကြေးငွေများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ပေးလျော်ခဲ့ကြကြောင်း သိရှိရသည်။

 

ခရိုင်ပြန်/ဆက်