ခင်ဦး ၄ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီးတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်ထိ ကပ်ထားကြေညာလျက်ရှိရာ အဆိုပါ မဲစာရင်းများ၌ အချက်အလက်များ မှန်ကန်ပြည့်စုံမှုရှိစေရေးအတွက် ပြည်သူများက လာရောက် ကြည့်ရှု၍ ပြင်ဆင်ရန်ရှိသည့် အချက်အလက်များကို ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင် ပြင်ဆင်ရန်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း၊ ဩဂုတ်လ ၃ ရက် ညနေပိုင်းအထိ မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်ဆိုလွှာ ပုံစံ(၃) ဖြင့် လျှောက်ထားသူ ၃၅၀၊ မဲစာရင်းနှင့် စပ်လျဉ်းသော ကန့်ကွက်လွှာ ပုံစံ (၄) ဖြင့် လျှောက်ထားသူ ၂၁၀၊ မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာ ပုံစံ (၄-ဂ)ဖြင့် လျှောက်ထားသူ ၁၃၅ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဦးလှိုင်ဝင်းထွန်းက ပြောသည်။
ခင်ဦးမြို့နယ်တွင် ပထမအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်း၌ မဲဆန္ဒရှင် ဦးရေ ၁၂၀ဝ၉၉ ဦး ရှိပြီး မဲရုံပေါင်း (၁၁၂) ရုံ ရှိကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)