မိုင်းရှူး ၄ သြဂုတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အသက်(၁၈)နှစ် အထက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၄၉၇၅၄ ဦးကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်းရရှိစေရန် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ဇူလိုင်(၂၅)ရက်မှ ဩဂုတ်(၇)ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာပြီး၊ အဆိုပါ ပထမအကြိမ်မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာမှုစာရင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် မိမိအမည် ပါ၊ မပါ၊ အချက်အလက်များ မှန်၊ မမှန် စစ်ဆေးပြီး ပြင်ဆင်ဖြည့်စွက်လိုပါက သတ်မှတ်ပုံစံများဖြင့် သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြင်ဆင်လျှောက်ထားနိုင်ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်တွင် ရပ်ကွက် ၇ ခု။ ကျေးရွာအုပ်စု ၁၇ အုပ်စု၊ ကျေးရွာပေါင်း ၁၇၆ ရွာရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၉၇၅၄) ဦး၊ မဲရုံပေါင်း ၄၄ ရုံစီစဉ်ထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)