ကြံခင်း ၄ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ရေလယ်ကျွန်းကျေးရွာအုပ်စု တဲတန်းကျေးရွာ တိရစ္ဆာန်အသက်ကယ်ကုန်းတွင် ဇူလိုင်(၃၀)ရက်မှ ယမန်နေ့ထိ နွားကောင်ရေ ၁၁၂ ကောင် ရောက်ရှိလာကြောင်း သိရသည်။
ထိုသို့ ရောက်ရှိလာခြင်းသည် ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ် နီးလာပြီး ရေဝင်ရောက်သော ကျေးရွာ များ ဖြစ်သည့် ရေလယ်ကျွန်းကျေးရွာအုပ်စု အပါအဝင် ကျေးရွာ(၅)ရွာတွင်ရှိသော တိရစ္ဆာန်များအား ရေဘေးရွှေ့ပြောင်းရာတွင် အခက်အခဲမရှိစေရန်၊ တိရစ္ဆာန်အသေအပျောက်နှုန်း နည်းစေရန်၊ တိရစ္ဆာန်များအား တစ်နေရာတည်းတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်အတွက် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန် အသက်ကယ်ကုန်း ဆောက်လုပ်ပြီး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်ဝင်းကို ဦးဆောင်သောအဖွဲ့က တိရစ္ဆာန်အသက်ကယ်ကုန်းသို့ ရောက်ရှိလာသော နွားကောင်ရေ ၁၁၂ ကောင်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)