ကျိုက်မရော ၄ သြဂုတ်
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ သြဂုတ် ၂ ရက် နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဦးလေးကျေးရွာ၊ ငပြေမကျေးရွာနှင့် ကဒါကျေးရွာ ကြက်ဖတံတား အထိ အနိမ့်ပိုင်းကျေးရွာများတွင် အိမ်ခြေ (၁၇၀)ခန့်တွင် ရေတစ်ပေခွဲစီ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဝင်ရောက်လျက်ရှိသည့် ကျေးရွာများသို့ မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်မင်းအေးနှင့်အဖွဲ့များ သွားရောက်၍ ဖနုံရေထိန်းတံခါးကြံ့ခိုင်မှု ရှိ၊ မရှိနှင့် ရေဝင်ရောက်မှု အခြေအနေများကို ကြည့်ရှုကာ လိုအပ်သည့် အကူအညီများကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချိုချို(ပြန်/ဆက်)