၄-၈-၂၀၂၀ ရက်၊ ဆိုးလ်

 

COVID-19 ကူးစက်ရောဂါကာလတွင်း၌ ပြည်ပနိုင်ငံများတွင် အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသားများအတွက် ၄-၈-၂၀၂၀ ရက်နေ့တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ (၁၆) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးနိုင်ရေး မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ လေယာဉ် ခရီးစဉ်၌ ကိုရီးယား နိုင်ငံမှ မြန်မာနိုင်ငံသား (၃၉) ဦး၊ အမေရိကန်ပြည်ထောင်စုမှ(၂၈) ဦး၊ ပြင်သစ်မှ (၅) ဦး၊ အီဂျစ်မှ (၅) ဦး၊ အင်ဒိုနီးရှားမှ (၃) ဦး၊ ဂျပန်မှ (၃) ဦး၊ နော်ဝေမှ (၃) ဦး၊ ဘလ်ဂျီယံမှ (၂) ဦး၊ အီတလီမှ (၁) ဦး၊ သင်္ဘောသား (၁၇) ဦးနှင့် နိုင်ငံခြားသား (၂၅) ဦး၊ စုစုပေါင်း (၁၃၁) ဦးတို့မှ စီးနင်း လိုက်ပါခဲ့ကြပြီး လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၁၆:၄၀ နာရီတွင် ရန်ကုန်မြို့သို့ ထွက်ခွာသွားခဲ့သည်။

 

အဆိုပါလေယာဉ်ခရီးစဉ်၌ လိုက်ပါကြသည့် ခရီးသည်များလေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရန်အတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီးဦးဆောင်သည့် သံရုံးဝန်ထမ်းများသည် ယင်းနေ့တွင် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့သည်။

 

Credit #Ministry_of_Foreign_Affairs