လက်ပံတန်း. ၅ ဩဂုတ်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက မြစ်မခမြစ်ရေ တိုက်စား၍ နေအိမ်တစ်လုံး ပြိုလဲပျက်စီးခဲ့ ကြောင်းသိရသည်။
အဆိုပါ မြစ်ရေတိုက်စားမှုကြောင့် ခမုံဆိပ်ကျေးရွာအုပ်စု ထန်းပင်ကုန်းကျေးရွာနေ ဒေါ်မိပြုံး၏ ၃ပင် × ၃ပင် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းမြေစိုက် နေအိမ်တစ်လုံး ပြိုလဲပျက်စီးခဲ့သည်။
လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် အဆိုပါနေအိမ်မှ မိသားစု (၅ )ဦးအား. ကျေးရွာအုပ်ချုပ်ရေးမှုး၏ စီစဉ်မှုဖြင့် နီးစပ်ရာဆွေးမျိုးများထံ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှ သိရသည်။
ဝင့်နန္ဒာဌေး