ဘားအံ    ၅   သြဂုတ်

 

ကရင်ပြည်နယ်အတွင်း ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျံမှုများ ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ပြည်နယ်၏ အထင်ကရ ဇွဲကပင်တောင်ပေါ်မှ ခုန်ချသည့် ဖြစ်စဉ်များအတွက် ကူညီရှာဖွေဆောင်ရွက်ပေးနိုင်ရေး စသည်များအတွက် ပူးပေါင်း ဆောင်ရွက်ပေးနိုင်ရေး ရည်ရွယ်ချက်များဖြင့် ဘားအံခရိုင် မီးသတ်ဦးစီးဌာနမှ ဘားအံနှင့်လှိုင်းဘွဲမြို့နယ်မှ လုမှုကယ်ဆယ်ရေး အဖွဲ့အဝင်များအား ဘားအံခရိုင် မီးသတ်ဉီးစီးဌာနရုံးတွင် အခြေခံရှာဖွေကယ်ဆယ်ရေး (အသက်ကယ်နည်းစနစ်များ)နည်းများကို သင်တန်းပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနမှူးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလူမှု ကူညီကယ်ဆယ်ရေး(ကရင်ပြည်နယ်ဉက္ကဌ)က လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များအနေဖြင့် သင်တန်းတက်ရောက် ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းတွင် အခြေခံရှာဖွေကယ်ဆယ်ရေး (အသက်ကယ်နည်းစနစ်များ)ဖြစ်သည့် ရှာဖွေကယ်ဆယ်ရေး အခြေခံသဘောတရားများ၊ အသက်ကယ် နည်းစနစ်များကို ဘားအံနှင့် လှိုင်းဘွဲမြို့နယ်မှ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များ(၃၅)ဦးအား သြဂုတ် ၄ ရက် နံနက်ပိုင်းမှ စတင်က (၁၀)ရက်တိုင်တိုင် ဘားအံ ခရိုင်မီးသတ်ဦးစီးဌာနမှ  သင်တန်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)