ရိခေါ်ဒါရ်   ၅  ဩဂုတ်

    

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ရိခေါ်ဒါရ်ကျေးလက် ကျန်းမာရေးဌာနခွဲမှ ရိခေါ်ဒါရ်မြို့ အတွင်းရှိ အသက်ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်စီနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၈ နာရီမှစ၍ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ လုပ်ငန်းဆောင်ရွက်ရာတွင် ရိခေါ်ဒါရ် ကျေးလက်ကျန်းမာရေးဌာနခွဲမှ တာဝန်ကျ သားဖွားဆရာမ ဒေါ်လျန်ရှန်ကိမ်းက အသက်ငါးနှစ်အောက် ကလေးငယ်များအား အာဟာရချို့တဲ့မှု ရှိ/ မရှိ လက်မောင်းပတ်တိုင်းပေးခဲ့ရာ အာဟာရချို့တဲ့သည့် အနီရောင်အဆင့်ရှိ ကလေးငယ်များ တွေ့ရှိခြင်းမရှိကြောင်း၊ အဟာရချို့တဲ့သည့် အဝါရောင်အဆင့်ရှိသူများအား အစာအဟာရပြည့်ဝသည့် အစားအစာများ၊ ဗီတာမင်များ ပုံမှန်တိုက်ကျွေးပေးရန်နှင့် ဂရုတစိုက် ပြုစုစောင့်ရှောက်ရန် လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးပြီးနောက် အသက် ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်စီနှင့် သန်ချဆေးများ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းဆောင်ရွက်ခြင်းကို ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်မှ စတင်ဆောင်ရွက်ခဲ့ရာ အမှတ်(၂)ရပ်ကွက်တွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရိခေါ်ဒါရ် ပြန်/ဆက်