၅ ဩဂုတ်

 

ကမ္ဘာ့တင်းနစ်ချန်ပီယံ အဆင့်နှစ်နေရာကို ပိုင်ဆိုင်ထားတဲ့ ရာဖဲလ်နာဒါလ် ဟာ ၂၀၂၀ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ကြောင်း အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။

 

နာဒါလ်ရဲ့ ဆိုရှယ်မီဒီယာ တွစ်တာပေါ်မှာ ဒီနှစ်ယူအက်အိုးပင်းပြိုင်ပွဲကို ဝင်ရောက်ကစားမှာ မဟုတ်ကြောင်း၊ ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု များပြားနေတဲ့အတွက်  အခြေအနေဟာ ရှုပ်ထွေးနေကြောင်း၊ အဲဒီဗိုင်းရပ်စ်ပိုးကို မထိန်းချုပ်နိုင်သေးတဲ့အတွက် သေချာစဉ်းစားပြီးမှာ အခုလို ဆုံးဖြတ်တာဖြစ်ကြောင်း ရေးသားထားပါတယ်။ 

 

ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲကို နယူးယောက်မြို့မှာ ဩဂုတ် ၃၁ ရက်နေ့ကနေ စက်တင်ဘာ ၁၃ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ယူအက်စ်အိုးပင်းပြိုင်ပွဲဟာ  ဖရန့်ချ်အိုးပင်း တင်းနစ်ပြိုင်ပွဲအပြီး ၁၄ ရက်အတွင်းမှာ ကျင်းမယ်လို့ သိရပါတယ်။ 

 

နာဒါလ်ရဲ့ ပြိုင်ဘက် ရော်ဂျာဖာဒါရာကလည်း ဒူးခွဲစိတ်ထားတဲ့အတွက် ၂၀၂၀ ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ပါဝင်မှာမဟုတ်ကြောင်း သိရပါတယ်။  

 

နာဒါလ်ဟာ ဂရန်းစလမ်း ဖလား ၁၉ ကြိမ်ရရှိထားသူဖြစ်ပါတယ်။ ဒီနှစ်မှာ ဖလားရရှိခဲ့ပါက ဂရန်းစလမ်း ဖလားအများဆုံး အကြိမ် ၂၀ ရရှိထားသူ ဖာဒါရာနဲ့ တူသွားမှာလို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ 

 

ယူအက်စ်အိုးပင်းပွဲစဉ်မှာ ဂျိုကိုဗစ် နဲ့ မာရေးတို့ ပါဝင်ကစားမယ်လို့ သိရပါတယ်။ 

 

MDN
ကိုးကား - AFP