နေပြည်တော် ၅ ဩဂုတ်

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်းဗင်းရှင်း ဗဟိုဌာန (၁) နှင့် (၂) တို့၌ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါအစည်းအဝေးတွင် သတင်းရယူခွင့်ရရှိမည့် မီဒီယာများစာရင်းကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

 

သတင်းရယူခွင့်ရှိသည့် မီဒီယာများစာရင်းအသေးစိတ်ကို www.moi.gov.mm, www.mdn.gov.mm နှင့် www.mrtv.gov.mm Website များနှင့် ဖေ့စ်ဘွတ် စာမျက်နှာများဖြစ်သည့် moiwebportalmyanmar, Myanmar Digital News နှင့် MRTV တို့တွင် ထုတ်ပြန်ကြေညာထားပြီး သတင်းရယူခွင့်ရရှိသည့် မီဒီယာများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး သတ်မှတ်ချက်များအတိုင်း ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်