ဖလမ်း ၅ သြဂုတ်

 

လေပြင်းတိုက်ခတ်မှုကြောင့် ဖလမ်းမြို့၊ လိုင်ဇောလ်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ၃၃ ဦးပိုင် ပြောင်းဖူးစိုက်ခင်း ၄၄ ဒသမ ၅ ဧက ပျက်စီးခဲ့ကြောင်း ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

သြဂုတ် ၅ ရက် နံနက် ၇ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဖလမ်းမြို့နယ်၊ လိုင်ဇောလ်ကျေးရွာအုပ်စုအတွင်းရှိ လိုင်ဇောလ်ကျေးရွာ၊ ပါလ်သဲကျေးရွာ၊ အာအိုမွန်ကျေးရွာများရှိ တောင်သူ ၃၃ ဦး စိုက်ပျိုးထားသော ပြောင်းဖူးစိုက်ခင်း ၄၄ ဒသမ ၅ ဧက ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၄၈၀၀၀၀ ခန့်ရှိကြောင်း သိရသည်။

 

ခရိုင် (ပြန်/ဆက်)

 

mdn