၆ ဩဂုတ်

 

 

တူရကီနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၇၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူပေါင်း ၂၃၆၁၁၂ ဦး ရှိသည်ဟု တူရကီ ကျန်းမာရေးဝန်ကြီး ဖာရတ်တင်ကိုကာ က ပြောကြားခဲ့သည်။

 

 

ပြီးခဲ့သည့် တစ်ရက်အတွင်း ရောဂါကူးစက် ခံရမှုကြောင့် ၁၉ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ ၅၇၈၄ ဦး အထိ ရှိလာကြောင်း ကိုကာက တွစ်တာတွင် ရေးသားဖော်ပြထားသည်။

 

 

တူရကီ ကျန်းမာရေး ပညာရှင်များက ပြီးခဲ့သည့် ၂၄ နာရီအတွင်း လူပေါင်း ၅၃၈၄၂ ဦးကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ယခုအချိန်ထိ ၅၀၂၇၃၀၈ ဦးကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပြီး ဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

 

ပြီးခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရမှုမှ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၁၀၁၅ ဦးရှိပြီး ကူးစက်မှု စတင်ဖြစ်ပွားချိန် ကတည်းက ကျန်းမာရေး ကောင်းမွန်လာသူပေါင်း ၂၁၉၅၀၆ ဦး ရှိကြောင်း ကိုကာ က ထပ်လောင်းပြောကြားသည်။

 

 

တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်ပွားကြောင်းကို မတ်လ ၁ ရက်နေ့တွင် ပထမဆုံး ထုတ်ပြန်ကြေညာခဲ့သည်။

 

 

တူရကီနှင့် တရုတ်နိုင်ငံတို့သည် ကိုဗစ်-၁၉ တိုက်ဖျက်ရေး လုပ်ဆောင်ရာတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ထောက်ခံအားပေးခဲ့ကြသည်။

 

 

တရုတ်နိုင်ငံ ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များသည် တူရကီ ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတို့နှင့် ဗွီဒီယို ကွန်ဖရင့် ပြုလုပ်ခဲ့ပြီး  ကိုဗစ်-၁၉ ကူးစက်ခံရသူများကို ကုသပေးခြင်း၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို ကူးစက်မှုမှ ကာကွယ်ခြင်းနှင့် ရောဂါကူးစက်မှုကို ထိန်းချုပ်ခြင်းတို့ လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို ဖလှယ်ခဲ့ကြသည်။

 

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို