၆ ဩဂုတ်
အီရန်အပေါ် လက်နက် တင်ပို့မှုဆိုင်ရာ အရေးယူမှုများ သက်တမ်း တိုးချဲ့ရန် အမေရိကန် ပြည်ထောင်စုက လာမည့်အပတ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ အဆိုတစ်ရပ် တင်သွင်းမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားလိုက်သည်။
၂၀၁၅ ခုနှစ် အီရန်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား နျူကလီးယား သဘောတူညီချက်အရ ကုလသမဂ္ဂ လက်နက် ရောင်းချ ပိတ်ဆို့မှုသည် အောက်တိုဘာလတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုသည် ၂၀၁၈ခုနှစ်အတွင်း အဆိုပါ သဘောတူညီချက်မှ နုတ်ထွက်ခဲ့သည်။
အီရန်နိုင်ငံသည် ပဋိပက္ခများ ဖြစ်ပွားနေသည့် ယီမင်နိုင်ငံ ကဲ့သို့သော နိုင်ငံများသို့ လက်နက်များ တရားမဝင် လွှဲပြောင်းနေကြောင်း ပွန်ပီယိုက သြဂုတ်လ ၅ ရက်တွင် သတင်းထောက်များသို့ ထောက်ပြ ပြောဆိုခဲ့သည်။
အီရန်နိုင်ငံအား အကြမ်းဖက် ဝါဒကို နံပါတ်တစ် ကုန်ကျစရိတ် ကျခံသူဖြစ်ကြောင်း ရည်ညွှန်းပြီး လက်နက် ရောင်းချမှုကို ဆက်လက် ပိတ်ပင်ထားရန် လိုအပ်နေသေးကြောင်း ပွန်ပီယိုက အလေးပေး ပြောကြားခဲ့သည်။
လုံခြုံရေး ကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ရုရှားနှင့် တရုတ်တို့သည် အီရန်၏ လက်နက် တင်ပို့မှု ပိတ်ဆို့ရန် သက်တမ်း တိုးမြှင့်ခြင်းကို ဆန့်ကျင်မည်ဟု အချက်ပြလိုက်ခြင်း ဖြစ်သည်။
အကယ်၍ အမေရိကန် ပြည်ထောင်စု အနေဖြင့် ပိတ်ဆို့မှုကို တိုးချဲ့ရန်အဆို မအောင်မြင်ပါက ၂၀၁၅ သဘောတူညီချက်အရ အီရန်အပေါ် ချမှတ်ထားသော ကုလသမဂ္ဂ ပိတ်ဆို့မှု အားလုံးကို ပြန်လည် ရုပ်သိမ်းပေးရန်ကို အသုံးပြုရန် ပွန်ပီယိုက အကြံပေးမည်ဟု ဆိုသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်
