၆ ဩဂုတ်

 

တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၄၃ ဦး တွေ့ရှိခဲ့ရာ ကူးစက်ခံရသူပေါင်း ၁၄၄၉၉ ဦး အထိ ရှိလာသည်ဟု ဖော်ပြထားသည်။

 

ပြည်ပပြန်လာသူများနှင့် အစုအပြုံလိုက်ကူးစက်ခံရမှုတို့ကြောင့် ရှစ်ရက်အတွင်း နေ့စဉ်ကူးစက်ခံရသူဦးရေ ၄၀ အထက်ရှိခဲ့သည်။

ထပ်မံကူးစက်ခံရသူများအနက် လူ ၂၀ မှာပြည်ပပြန်လာသူများဖြစ်ပြီး စုစုပေါင်းဦးရေ ၂၅၂၀ ရှိသည်။

 

ဇွန် ၂၆ ရက်နေ့ကတည်းက ၄၂ ရက်ဆက်တိုက် ပြည်ပပြန်ကူးစက်ခံရမှု ကိန်းဂဏန်းနှစ်ဆ ဖြစ်လာခဲ့သည်။

 

ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ မရှိကြောင်း အတည်ပြုထားပြီး သေဆုံးသူပေါင်း ၃၀၂ ဦး ရှိလာသည်။သေဆုံးမှုနှုန်းစုစုပေါင်း ၂ ဒသမ ၀၈ ရာခိုင်နှုန်း ရှိသည်။

 

ပြန်လည်ကျန်းမာလာသဖြင့် သီးခြားကန့်သတ်ထားရာမှထပ်မံထွက်ခွာခွင့်ရရှိသူ ၉၅ ဦး ရှိပြီး ကျန်းမာလာသူစုစုပေါင်း ၁၃၅၀၁ ဦး ရှိလာသည်။စုစုပေါင်းကျန်းမာရေးကောင်းမွန်လာမှုနှုန်း ၉၃ ဒသမ ၁၂ ရာခိုင်နှုန်းရှိသည်။

 

ဇန်နဝါရီ ၃ ရက်နေ့ကတည်းက နိုင်ငံအတွင်း လူပေါင်း ၁ ဒသမ ၆၀ သန်းကျော်ကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ၁၈၀၃၁ ဦး ကို စမ်းသပ်စစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်- မြင့်မြင့်ချို