ဩဂုတ်

 

စကော့တလန်အစိုးရက အက်ဘာဒင်းန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူ ၂၄ နာရီအတွင်း ၅၀ ကျော်သွား တဲ့အတွက် မြို့ကို မနေ့(ဗုဒ္ဓဟူးနေ့) ကစပြီး အသွားအလာကန့်သတ် လိုက်ကြောင်း  စကော့တလန်ဝန်ကြီးချုပ် နီကိုလာ စတာဂျင် က ပြောကြား လိုက်ပါတယ်။

 

တားမြစ်ချက်တွေထဲမှာ ကော်ဖီဆိုင်၊  ဘုံဆိုင် နဲ့ စားသောက်ဆိုင်တွေကို သီတင်းတစ်ပတ်ပိတ်ထားရန်၊ မြို့ခံ ၂၂၉,၀၀၀ နီးပါး ကိုလည်း တစ်အိမ်နဲ့တစ်အိမ် အလည်ပတ် သွားခြင်း မပြုရန် နဲ့ နေအိမ်မှ ငါးမိုင်အတွင်းသာ သွားလာခွင့်ရှိ ကြောင်း ပင်စင်စားအရွယ် စောင့်ရှောက်ရေးဂေဟာတွေကိုလည်း အရေးကြီးကိစ္စမှ လွဲပြီး မသွားရန် တားမြစ်ထားပါတယ်။

 

မြို့ကို လှည့်လည် စောင့်ကြပ်ရန် ရဲတပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားကြောင်း၊ ဒါပေမယ့် မြို့ခံတွေက  ပူးပေါင်းပါဝင်မယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ် စတာဂျင်က ပြောပါတယ်။

 

အခုတားမြစ်ချက်ကို ()ရက်အတွင်း ပြန်လည် လေ့လာသွားမယ်လို့ သိရပါတယ်။ အဲဒီအချိန်ဟာ စကောတလန်ရှိ ကျောင်းတချို့  ပြန်ဖွင့်မယ်လို့ ရည်ရွယ်ထားတဲ့ ရက် နဲ့လည်း တိုက်ဆိုင်နေတာကို တွေ့ရပါတယ်။

 

စကော့လန်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းရှိ အက်ဘာဒင်းန် မြို့မှာ (၂၄)နာရီအတွင်း ဗုဒ္ဓဟူးနေ့မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၅၄ ဦးရှိကြောင်း  ဒေသတွင်း အစိုးရက ထုတ်ပြန် ကြေညာ ပါတယ်။

 

အခုဗိုင်းရပ်စ်ပိုးတွေ့ရှိသူတွေဟာ ဘားနဲ့ကော်ဖီဆိုင် ၂၈ ခု နဲ့ ဆက်စပ်နေကြောင်း သိရပါတယ်။ အဲဒီဆိုင်တွေရဲ့ အမည်စာရင်းကို ထုတ်ပြန်ကြေညာထားပြီး အဲဒီဆိုင်တွေကို သွားလာဖူးတွေအား ဗိုင်းရပ်စ်ပိုးရှိ၊ မရှိ လာရောက်စစ်ဆေးခံရန် ဆော်ဩထားပါတယ်။

 

MDN

ကိုးကား - AFP