၆ ဩဂုတ်

 

မြောက်ကိုရီးယားနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းနေတဲ့ ရက်တွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ရေကြီးရေလျှံမှု သို့မဟုတ် မြေပြိုမှုတွေ ဖြစ်လာနိုင်ကြောင်း တာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။ ကျွန်းဆွယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် တောင်ကိုရီးယားနိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် ၁၆ ဦး သေဆုံးကြာင်း ဒီနေ့ (ကြာသပတေးနေ့) မှာ ကြေညာလိုက်ပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံမှာ တောင်တွေနဲ့ တောင်တန်းတွေပေါ်မှာ စိုက်ခင်းတွေ အများအပြားရှိတာကြောင့် မိုးသည်းထန်စွာရွာသွန်းမှု ဆက်တိုက်ဖြစ်လာခဲ့ရင် အန္တရာယ်ရှိနိုင်တာကို တွေ့ရပါတယ်။

 

တောင်ကိုရီးယားနိုင်ငံမှာ ရက်ပေါင်း ၄၀ ကျော် ဆက်တိုက်မိုးရွာသွန်းနေတဲ့အတွက် နိုင်ငံ့အလယ်ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး ၁၆ ဦး သေဆုံးပြီး ၁၁ ဦး ပျောက်ဆုံးနေကြောင်းနဲ့ ဒေသခံ ၁,၆၀၀ ကို နေရာရွှေ့ပြောင်းထားရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

 

မြောက်ကိုရီးယားအစိုးရရဲ့ KCNA သတင်းဌာနကနေ စိုက်ပျိုးရေးလုပ်ကိုင်ရာ ဝမ်ဟေးပြည်နယ်ဟာ မိုးသည်းထန်စွာရွာသွန်းနေကြောင်း၊ အဲဒီဒေသဟာ အန္တရာယ်ရှိတဲ့အတွက် လိုအပ်တဲ့ကာကွယ်မှုကို လုပ်ဆောင်ရန် အရေးတကြီး လိုအပ်ကြောင်း ပြောကြပါတယ်။ သတင်းမှာ မိုးရွာသွန်းမှုကြောင့် ပျက်စီးမှုကို ထည့်သွင်းကြေညာသွားခြင်း မရှိတာကို တွေ့ရပါတယ်။

 

၂၀၁၆ ခုနှစ်က မိုးရွာသွန်းမှုကြောင့် လူပေါင်း ၁၃၈ ဦး သေဆုံးကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ကြေညာခဲ့သလို ၂၀၁၂ ခုနှစ်အတွင်းက မုတ်သုံမိုးကြောင့် လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ပါတယ်။

 

MDN

ကိုးကား - AFP