ပိုင်ကျုံ ၆ ဩဂုတ်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်၀န်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းတိုင်းတာမှုများတွင် လှိုင်ဘွဲမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ တာ၀န်ရှိသူများ၊ မိုးနိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ ကော်မတီ၀င်များက လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်စက်၀န်း)တွင် ဆောင်ရွက်မည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်ခဲ့ကြပြီး ကျေးရွာ လူထုများနှင့် တွေ့ဆုံကာ လုပ်ငန်းများတွင် ပူးပေါင်းပါ၀င် လုပ်ဆောင်ရမည့် အချက်များအား ဆွေးနွေးခဲ့ကြသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်စက်၀န်း)တွင် မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွဲဝေချထားငွေကျပ် သိန်းပေါင်း (၆၁၈)သိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို နို၀င်ဘာလတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)