တပ်ကုန်း     ၆          ဩဂုတ်            

ကိုဗစ်-၁၉ ကာလတွင် နေပြည်တော် တပ်ကုန်းမြို့နယ် ဆိုင်းဂီတပညာရှင်အဖွဲ့သားများ  ဆိုင်းအငှား လိုက်ခြင်းလုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရသဖြင့် မိသားစုစားဝတ်နေရေးအတွက် အထောက် အကူဖြစ်စေရန် ရည်ရွယ်ကာ  မြန်မာနိုင်ငံဆိုင်းဂီတအသင်းဗဟိုမှ ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဆရာစံရပ်ကွက် ဆိုင်းဆရာကြီး ဦးရှိုင်းဗိုလ်အိမ်တွင် ကျင်းပသည်။

မြန်မာနိုင်ငံ ဆိုင်းဂီတအသင်းဗဟို ဥက္ကဋ္ဌ ဦးစိန်တင့်လွင်က ဆိုင်းဂီတပညာရှင်အဖွဲ့သားများ ထောက်ပံ့ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် ဦးစိန်တင့်လွင်(ဥက္ကဋ္ဌ)နှင့်၊ ဦးဇော်သူဟိန်း(အတွင်းရေးမှူး)၊ ဦးသီလှ(ဘဏ္ဍာရေးမှူး)တို့က တပ်ကုန်းမြို့နယ်အတွင်းရှိ ဆိုင်းဂီတ ပညာရှင်အဖွဲ့(၆)ဖွဲ့၊ လူဦးရေ(၁၃၂)ဦးစာအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း (၄)သောင်းကို ဆိုင်းဆရာ ကိုရှိုင်းအောင်နှင့် တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)