၆ ဩဂုတ်

 

ဥရောပနိုင်ငံတွေ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ဒုတိယအကြိမ် ပျံ့နှံ့မှာကို စိုးရိမ်တဲ့အတွက် တင်းကြပ်တဲ့ တားမြစ်မှုတွေ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။

 

ဂရိတ်နိုင်ငံမှာ မျက်နှာဖုံးဝတ်ဆင်ရမယ်ဆိုတဲ့ စည်းမျဉ်းပြဋ္ဌာန်းသလို တခြားဥရောပနိုင်ငံတွေရဲ့ မြို့တွေမှာ ဗိုင်းရပ်စ်ပိုးပြန်လည်ကူးစက်လာတဲ့အတွက်  အသွားအလာ ကန့်သတ်မှုတွေ ပြန်လည်ပြဋ္ဌာန်းတာမျိုး လုပ်ဆောင်နေပါတယ်။

 

စကော့တလန်နိုင်ငံ အက်ဘာဒင်းန် မြို့မှာလည်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များပြားလာတဲ့အတွက် သီတင်းတစ်ပတ် အသွားအလာကန့်သတ်လိုက်ကြောင်း သိရပါတယ်။

 

ပြင်သစ်နိုင်ငံ အနောက်တောင်ဘက်ရှိ တူးလု့စ် မြို့မှာလည်း လူမြင်ကွင်းမှာ မျက်နှာဖုံးဟာ ဝတ်ကို ဝတ်ဆင်ရမယ့် ပစ္စည်းတစ်ခုဖြစ်လာနေပါတယ်။

 

ဘယ်လဂျီယံနိုင်ငံ အန်ဝပ်ဒေသအပါအဝင် ဒေသအချို့ကနေ ဂျာမနီနိုင်ငံကို လာရောက်ရင် ၁၄ ရက်တိတိ သီးသန့် ခွဲခြားနေထိုင်ရခြင်း သို့မဟုတ် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး မရှိကြောင်း စစ်ဆေးချက်ပါရှိရမယ်လို့ ဆိုပါတယ်။

 

စပိန်၊ စင်ကာပူနဲ့ ရိုမေးနီးယားနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံ ကနေ ဆွစ်ဇာလန်နိုင်ငံကို လာရောက်မယ်ဆိုရင် သီးသန့်ခွဲခြားနေထိုင်ရမယ် လို့ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ကာကွယ်ရေး လုပ်ဆောင် နေပါတယ်။

 

နယ်သာလန်နိုင်ငံရှိ ရော့တာဒန်အပါဝင်နေရာအချို့မှာလည်း မျက်နှာဖုံးဟာ  ဝတ်ကို ဝတ်ဆင်ရမယ်ဆိုတဲ့ ပစ္စည်းဖြစ်လာကြောင်း စည်းမျဉ်းမှာ ပါရှိတာကို တွေ့ရပါတယ်။

 

ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၇၀၃,၆၄၀ ဦးထဲမှာ ဥရောပနိုင်ငံတွေမှ ၂၁၁,၇၆၄ ဦး ပါရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP