နေပြည်တော် ၆ ဩဂုတ်

Workshop On Leading With Purpose and Passion ခေါင်းစဉ်ဖြင့် Online သင်တန်းကို ယနေ့ မွန်းလွဲပိုင်းကကျင်းပရာ MRTVမှဝန်ထမ်း(၆)ဦး တက်ရောက်သည်။

 

ဆွေးနွေးပွဲကို အာရှ-ပစိဖိတ်ရုပ်သံထုတ်လွှင့်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်း (Asia Pacific Institute For Broadcasting Development -AIBD) အစီအစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး သင်တန်းတွင်  မလေးရှားနိုင်ငံမှ International Trainer,Facilitator and Executive Coach ဖြစ်သူ Consultant Mr. Shan Moorthi က အဖွဲ့အစည်း၏ ခေါင်းဆောင်များအနေဖြင့် ရည်ရွယ်ချက်ပြတ်သားခြင်း၊ ထပ်တူညီခြင်း၊ စာနာရိုင်းပင်း ကူညီတတ်ခြင်း၊ ရဲရင့်ခြင်း၊ တီထွင်ဖန်တီးနိုင်ခြင်း၊ လမ်းညွှန်ဆရာနှင့် အဖွဲ့အစည်း တည်ထောင်သူ စသည့်အချက် အလက်(၇)ချက်ဖြင့် လက်တွေ့ပြသနိုင်ရန် လုပ်ဆောင် ရမည့် အကြောင်းအရာများကို ဆွေးနွေးသည်။

 

ထို့အပြင် အဖွဲ့အစည်းများနှင့် အဖွဲ့သားများ ပြုပြင်ပြောင်းလဲနိုင်ရန် နယ်ပယ်သုံးခုမှ ခေါင်းဆောင်သုံးဦး၏ အတွေ့အကြုံ လေ့လာချက်များကိုလည်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)