ဖလမ်း ၇ သြဂုတ်
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေကြီး ရေတိုက်စားကာ ဖလမ်း-ရိဒ်လမ်းပေါ်ရှိ တလိုင်ရောန်း တံတားသည် သြဂုတ် ၆ ရက် ညနေ ၅ နာရီခွဲခန့်က ပျက်စီးသွားကြောင်း ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဖလမ်းမြို့နယ်၊ ကလောမွန်အုပ်စု၊ ကျဲမွန်ရွာအနီးရှိ ဖလမ်း- ရိဒ်လမ်း ကီလိုမီတာ(၁၂/၄) နှင့် ကီလိုမီတာ(၁၂/၆)ကြားရှိ တံတားအမှတ် ၃/၁၃ တလိုင်ရောန်း ဘေလီတံတား ပေ(၈၀×၁၂)သည် ချောင်ရေကြီး ရေတိုက်စားမှုကြောင့် ပေ(၂၀)ခန့် ပျက်စီးသွားကြောင်းသိရသည်။ အဆိုဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် ဖလမ်း-ရိဒ်လမ်းကို ကျဲရ်မွန်-ခေါရွာ-ခင်ကန်-တလပ်လွန်-ဖလမ်းလမ်းကြောင်းအတိုင်း အဆင်ပြေစွာ သွားလာနိုင်ရေး လမ်းဦးစီးဌာနမှ စက်ကြီးများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်