လှိုင်းဘွဲ   ၇    ဩဂုတ်

 

 ၂၀၂၀ ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လှိုင်းဘွဲမြို့နယ် အတွင်းရှိ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲစာရင်းများ ကပ်ထားကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့က ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းလေ့လာရာတွင် ကျေးရွာများအတွင်းရှိ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများကို ကပ်ထားကြေညာထားရှိမှု အခြေအနေများကို လေ့လာကြည့်ရှု့ပြီး မဲဆန္ဒရှင်စာရင်းများ သတ်မှတ်ထားသည့် ပုံစံအတိုင်း စနစ်တကျ ရေးသွင်း ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ညွှန်ကြားချက် များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့ဖြင့် လာရောက်လျှောက်ထားမှု အခြေအနေနှင့် ဖြည့်စွက်ဆောင်ရွက်ရမည့် အခြေအနေများကို တိကျမှန်ကန်စွာ လုပ်ဆောင် ပေးသွားကြရန်နှင့် မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရေးအတွက် နှိုးဆော် ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)