ဘုတလင် ၇ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဂွေးပင်ကျင်းကျေးရွာတွင် သီးပင်စားပင်များနှင့် ပန်းအလှပျိုးပင်များ တစ်ပိုင်တစ်နိုင် စီးပွားဖြစ် စိုက်ပျိုးရောင်းချလျက်ရှိရာ မိသားစုဝင်ငွေ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဂွေးပင်ကျင်းကျေးရွာတွင် လျှော်ဖြူပင်များကို အများစု စိုက်ပျိုးရောင်းချကြပြီး ပန်းအလှပင်များကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှ ဝယ်ယူရောင်းချလျက်ရှိရာ နှင်းဆီ၊ သပြေ၊ သနပ်ခါးပန်းနှင့် သီးပင်စားပင် ပျိုးပင်အမျိုးအစား (၃၀) ခန့်ကို ရောင်းချပေးလျက်ရှိသည်။
သီးပင်စားပင်နှင့် ပန်းအလှပင်များကို ရောင်းချရမှု ပုံမှန်မရှိသော်လည်း တစ်ရက်လျှင် လက်လီ ရောင်းချရငွေမှာ ကျပ်နှစ်သောင်းဖိုးမှ ကျပ်သုံးသောင်းဖိုးအထိ ရောင်းချရပြီး လက္ကားရောင်းချရပါက တစ်ရက်လျှင် ကျပ်ငါးသောင်းဖိုးအထက် ရောင်းချရကြောင်း ဂွေးပင်ကျင်းကျေးရွာမှ သီးပင်စားပင်များနှင့် ပန်းအလှပျိုးပင်များ စိုက်ပျိုးရောင်းချသူ မခင်ယမင်းထက်က ပြောသည်။
ဘုတလင်မြို့နယ်တွင် သီးပင်စားပင်များနှင့် ပန်းအလှပျိုးပင်များကို ဂွေးပင်ကျင်း ကျေးရွာတစ်ရွာတည်းသာ ရောင်းချလျက်ရှိပြီး လက်ရှိစီးပွားဖြစ် စိုက်ပျိုးမှုများပြားသည့် လျှော်ဖြူပျိုးပင်များကို အုတ်အိုင်၊ ညောင်ကန်၊ ဝက်လူးအိုင်နှင့် ဂွေးပင်ကျင်း ကျေးရွာများတွင် အများဆုံး ပျိုးထောင်ရောင်းချလျက်ရှိကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)