၇ ဩဂုတ်
တရုတ်နိုင်ငံ ဘေကျင်းတွင် ယမန်နေ့က ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်ဦး ထပ်မံတွေ့ရှိကြောင်း မြူနီစီပယ် ကျန်းမာရေး ကော်မရှင်က ယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ ထပ်မံကူးစက်ခံရသူ တစ်ဦးသည် ဇူလိုင် ၂၇ ရက်နေ့က တရုတ်နိုင်ငံ လျောင်းနင်းပြည်နယ် အရှေ့မြောက်ပိုင်း ဒါလိန်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာတစ်ဦးနှင့် အနီးကပ် ထိတွေ့ခဲ့သူ တစ်ဦး ဖြစ်သည်။
ဇွန် ၁၁ ရက်နေ့မှ ဩဂုတ် ၆ ရက်နေ့အထိ ရှင်ဖာဒီ လက်ကားဈေးကွက်နှင့် ဆက်စပ်ပြီး ကိုဗစ်-၁၉ ရောဂါ အတည်ပြု ကူးစက်ခံရသူ ၃၃၅ ဦးသည် ယမန်နေ့က ဆေးရုံမှ ဆင်းခွင့် ရရှိခဲ့သည်။
ဒါလိန်တွင် ဇူလိုင်လနှောင်းပိုင်း ကတည်းက ဖြစ်ပွားခဲ့သော ကူးစက်မှု အသစ်များနှင့် ဆက်စပ်သည့် အတည်ပြု လူနာ လေးဦးကိုလည်း မှတ်တမ်းတင်ထားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို