၇ ဩဂုတ်
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ပြင်းထန်သော ရေကြီးမှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့် နေရာများကို စောင့်ကြည့်ခဲ့ပြီး ထောက်ပံ့ရေးပစ္စည်း ပေးအပ်ခြင်းနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ပြန်လည် လုပ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံက ပြောကြားသည်။
ဇူလိုင်လ ၇ ရက်နေ့က ကင်သည် မြောက်ပိုင်းရှိ ဟွမ်ဟီးခရိုင်ရှိ ရေကြီးမှုကြောင့် ပျက်စီးနစ်မြုပ်ခဲ့သည့် ရွာကို သွားရောက်ကြည့်ရှုခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းစာ ဖြစ်သည့် ရိုဒေါင်ရှင်းမူက ဖော်ပြထားသည်။
မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် မြစ်ကမ်းပါးများ ပြိုကျပြီးနောက် အိမ်ပေါင်း ၇၃၀ မှာ ရေနစ်မြုပ်ခဲ့ရပြီးနောက် အိမ်ပေါင်း ၁၇၉ လုံးမှာ ပျက်စီးခဲ့ရကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
အဆိုပါ သတင်းစာက သေဆုံးသူ မရှိကြောင်း ဖော်ပြထားသည်။
ခရီးစဉ်အတွင်း ရာပေါင်းများစွာသော မိသားစုများအတွက် နေ့စဉ်လိုအပ်သည့် ပစ္စည်းများနှင့် ဆေးဝါး အထောက်အပံ့များ ပေးရန် ကင်က အရာရှိများကို အမိန့်ပေးခဲ့သည်ဟု ဆိုသည်။
အရေးပေါ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခြင်းသည် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကင်သည် ပြည်သူများ၏ အနားတွင် ၎င်းရပ်တည်ကြောင်း ပြသသည့် အနေဖြင့် ရည်ရွယ်ခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်