၇ ဩဂုတ်

 

 

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာ ပြည်နယ်တွင် ယနေ့ မြေပြိုမှု အများအပြား ဖြစ်ပွားခဲ့သဖြင့် လက်ဖက်စိုက်ခင်း အလုပ်သမားများစွာ ပိတ်မိနေသည်ဟု ဒေသန္တရ မီဒီယာက ဖော်ပြထားသည်။

 

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကီရာလာမြို့တော် ရာဂျ်မာလာ ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ယနေ့တွင် မြေပြိုမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

 

ထိုဒေသတွင် လမ်းကြောင်း ပြတ်တောက်နေပြီး သွားရောက်ရန် ခက်ခဲကြောင်း၊ ယခုအချိန်တွင် မည်သူတွေ ပိတ်မိနေသည်ကို မသိကြောင်း ဒေသန္တရ အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

 

 

သစ်တောဌာနမှ အဖွဲ့တစ်ဖွဲ့သည် ယင်းဒေသသို့ ရောက်ရှိခဲ့ကြောင်းနှင့် မြေပြိုမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို စောင့်မျှော်နေကြသည်ဟု တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

 

မြေပြိုမှု ဖြစ်ပွားရာ ဒေသတွင် လူပေါင်း ၇၀ ကျော် နေထိုင်ကြသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

 

 

မိုးများ အဆက်မပြတ် ရွာသွန်းခဲ့ပြီးနောက် ပရီယာမြစ်တွင် မြစ်ရေမြင့်တက်လာသဖြင့် အလူဗာရှိ ဘုရားကျောင်း တစ်ကျောင်း ရေနစ်မြုပ်လျက် ရှိသည်ကို ရုပ်မြင်သံကြားမှ ပြသသော ရုပ်ပုံများတွင် မြင်တွေ့ရသည်။

 

 

အာဏာပိုင်များက ကယ်ဆယ်ရေး အစီအမံများ လုပ်ဆောင်ရန် သဘာဝ ဘေးအန္တရာယ် တုံ့ပြန်ရေး အဖွဲ့ဝင်များကို ဖိအားပေး ပြောကြားထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

2356