မကွေး ၇ ဩဂုတ်
မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တောင်တွင်းကြီး ငါးလုပ်ငန်းစခန်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြင့်ရွှေ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်နှင့် ဦးဇော်မင်းထွန်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ငါးမွေးတောင်သူများ တက်ရောက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးမြင့်ရွှေတို့က နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ မကွေးတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးမြင့်ရွှေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှ ငါးမွေးတောင်သူများအား ငါးသားပေါက်များ လွဲပြောင်းပေးအပ်ခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီး ငါးလုပ်ငန်းစခန်း တွင် ပထမဆုံးပေးအပ်ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း ငါးမွေးတောင်သူ(၂၂၃)ဦး၊ ငါးမွေးကန်ဧက(၃၇၉ ဒသမ ၈၀)အတွက် စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၇ ဒသမ ၆၀)သိန်း ဖြန့်ဖြူး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်