တိုကျို   ၈  ဩဂုတ်

ဂျပန်နိုင်ငံက ပထမဆုံးထောက်ပံ့ခဲ့သော ဗြိတိန်ဆေးဘက်ဆိုင်ရာ အကြီးဆုံးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် အက်စ်ထရာဇနီးကားက ပြုလုပ်နေသော ကိုဗစ်-၁၉ ကာကွယ်ဆေးကို လာမည့်နှစ်ဇန်နဝါရီနှင့် မတ်လကြားတွင် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း အင်န်အိတ်ချ်ကေသတင်းတစ်ရပ်တွင် ဖော်ပြလိုက်သည်။

ဂျပန်ကျန်းမာရေးဆိုင်ရာအရာရှိများက ကာကွယ်ဆေးတိုးတက်မှု အဆင့်ဆင့်ကို အင်န်အိတ်ချ်ကေသို့ သတင်းပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အက်စ်ထရာဇနီးကားနှင့် အောက်စ်ဖို့ဒ်တက္ကသိုလ်တို့က ပူးပေါင်းဖော်စပ်နေခြင်း ဖြစ်သည်။ ကာကွယ်ဆေးဖော်စပ်မှု နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အချို့နိုင်ငံများတွင် ဆေးရုံ ၊ ဆေးခန်းများ၌ နောက်ဆုံးအဆင့် အနေဖြင့် စမ်းသပ်ကုသနေပြီ ဖြစ်သည်။ ဂျပန်နိုင်ငံရှိ ကျန်းမာရေးအရာရှိများက ဂျပန်နိုင်ငံတွင်လည်း အဆိုပါဆေးကို ယခုလမှစတင်ကာ ဆေးရုံ ဆေးခန်းများတွင် စမ်းသပ်ကုသသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ထောက်ပံ့ဖြန့်ဖြူးရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

အခြေအနေ အားလုံးကောင်းပါ က လာမည့်နှစ် ပထမသုံးလတွင် ကာကွယ်ဆေးတစ်ခါသောက်ပမာဏ သန်း ၁၂၀ စီစဉ်ထားသည့်အနက် သန်း ၃၀ ကို ဖြန့်ဖြူးသွားနိုင်ရန် မျှော်လင့်ထားကြောင်း ကျန်းမာရေး အရာရှိများက ပြောကြားလိုက်သည်။

လူတစ်ဦးလျှင် ကာကွယ်ဆေးကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် သောက်ရမည်ဖြစ်ပြီး လူဦးရေမည်ရွေ့ မည်မျှ ကာကွယ်ဆေးရရှိနိုင်မည် ဆိုသည်ကို မဆုံးဖြတ်ရသေးကြောင်း သိရသည်။

အမေရိကန် ဆေးကုမ္ပဏီတစ်ခုဖြစ်သော ပီဖစ်ဇာကလည်း အကယ်၍ ကာကွယ်ဆေးထုတ်လုပ်မှု အဆင်ပြေပါက ဂျပန်နိုင်ငံရှိ လူဦးရေ သန်း ၆၀ အတွက် ကာကွယ်ဆေး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အင်န်အိတ်ချ်ကေ