ဘေရွတ်  ၈  ဩဂုတ်

 ဩဂုတ်၄ ရက်တွင်  ဖြစ်ပွားခဲ့သော ဘေရွတ်ဆိပ်ကမ်း ကုန်လှောင်ရုံ ပေါက်ကွဲမှု ကြီးများကြောင့် သေဆုံးသူ ၁၅၄ ဦးအထိ တိုးမြင့်လာခဲ့ကြောင်း  လက်ဘနွန်အစိုးရ ကျန်းမာရေးဝန်ကြီးဟာမက်ဟက်ဆန်က ယနေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းပေါက်ကွဲမှုကြီးများကြောင့် ထိခိုက်ဒဏ်ရာရသူ ၅၀၀၀ အနက် ၂၀ရာခိုင်နှုန်းမှာဆေးရုံတင်ကုသရန်လိုအပ်ပြီး ထိခိုက်ဒဏ်ရာရသူ ၁၂၀ ခန့်မှာ စိုးရိမ်ရသည့်အခြေအနေရှိပြီး ယင်းတို့သည် မှန်ကွဲစများ ထိမှန်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသူများဖြစ်သည်။ ယင်းတို့ရရှိသောဒဏ်ရာများအတွက် ခွဲစိတ်ကုသမှုများ ပြုလုပ်ရန်လိုအပ်ကြောင်းလက်ဘနွန်ကျန်းမာရေးဝန်ကြီးက ပြောကြားသည်ဟု အမျိုးသားသတင်းဌာနက သတင်းဖော်ပြသည်။

ဩဂုတ် ၄ ရက် ညနေပိုင်းက ဘေရွတ်မြို့ ဆိပ်ကမ်း၌ ဖြစ်ပေါ်ခဲ့သည့် ကြီးမားသည့်ပေါက်ကွဲမှုကြီးနှစ်ခုကြောင့် လူ၁၅၄ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၅၀၀၀ ခန့်ထိခိုက်ဒဏ်ရာရခဲ့ကာ ဘေရွတ်မြို့တော်အတွင်း၌ ကြီးမားသော ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန် - ဇော်ဝင်း