မောင်တော  ၈  သြဂုတ်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်း စာစောင်များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ယနေ့နံနက် ၈ နာရီက ပြည်သူများထံသို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လက်ကမ်းစာစောင် နှင့် ပိုစတာများတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့် ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှု မရှိစေရေး၊ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား၊ မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင် စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ မဲဆန္ဒရှင်စာရင်းတွင် အမည်မပါဝင်ပါက ဆောင်ရွက်ရမည့် အချက်များနှင့် မပါဝင်သင့်သူ ပါဝင်နေပါက ပယ်ဖျက်ရန် ဆောင်ရွက်ရမည့်အချက်များနှင့် အစရှိသည်တို့ကို ထည့်သွင်းဖော်ပြထားကြာင်း သိရသည်။

 

ထို့သို့အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို  မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းလှိုင်၊ အတွင်းရေးမှူး  ဒေါ်အေးသူဇာကျော်၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြို့မသားငါး စျေးကြီးအတွင်းနှင့် စျေးပတ်ဝန်းကျင်များတွင် စျေးရောင်းချသူများ၊ စျေးဝယ်သူများနှင့် စားသောက်ဆိုင်များ၊ လမ်းဆုံ လမ်းခွနေရာများ၊ လူစည်ကားရာ နေရာများရှိ ပြည်သူများထံသို့ လက်ဝယ်အရောက် လက်ကမ်းစာစောင် စုစုပေါင်း (၂၀၀၀) ကျော်ကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)