မကွေး ၈ သြဂုတ်
COVID-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ သြဂုတ်လ ၈ရက်နေ့၊ နံနက် ၉ နာရီတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် COVID-19 ကြောင့် ထိခိုက်နစ်နာခဲ့ရသော မကွေးတိုင်းဒေသကြီး၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံးခွဲ တာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိန် က ပြောသည်။
အဆိုပါသင်တန်းသို့ မင်းဘူးခရိုင် (DMO) ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီ မှ စိစစ်ရွေးချယ်ပေးသော စက္ကိန်းတဲ၊ ရွှေစက်တော်ဘုရားနှင့် နဂါးပွက်တောင် ပရဝဏ်အတွင်း အမြဲတမ်းရောင်းချနေသော ဈေးသည် (၁၀) ဦးနှင့် ခရီးသွားဝန်ဆောင်မှု ဆိုက်ကားယာဉ်အသင်း (မကွေး) မှ စိစစ်ရွေးချယ်ပေးသော ဆိုက်ကားသမား (၁၀)ဦး၊ စုစုပေါင်း ၂၀ တက်ရောက်ခဲ့သည်။
My Apex Travel & Tour မှ မန်နေဂျင်း ဒါရိုက်တာ ဦးတင်လှိုင်ထွန်း နှင့် ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်း အတွေ့အကြုံရင့် ပညာရှင် ဦးမျိုးမင်းသူတို့မှ Intro Language Course On (English)၊ Service Attitude Course၊ Health and Hygiene Course၊ Safety and Security Course သင်ခန်းစာများအား သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
အပတ်စဉ် (စနေ၊ တနင်္ဂနွေ ) နေ့များတွင် (၄) ပတ် စုစုပေါင်း (၈) ရက်သင်တန်းအား ဩဂုတ် ၈ ရက် မှ ၃၀ ရက်နေ့ထိ သင်တန်းပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်သူများအား နေ့တွက်စရိတ်အဖြစ် တစ်နေ့လျှင် (၄၈၀ဝ) ကျပ်အား ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇေယျတု ( မကွေး)
ဓါတ်ပုံ - အာယုဟန်