ပဲခူး  ၈  ဩဂုတ်

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်များရှိ ငါးမွေးတောင်သူ များသို့ COVID-19 Economic Relief Planတွင် ပါရှိသော Action planအရ COVID-19 အလွန် ငါးမွေးမြူရေးကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ ထောက်ပံ့ခြင်း အခမ်းအနားကို ဩဂုတ်  ၈ ရက်က ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းပညာပေး သင်တန်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ငါးမွေးတောင်သူများ တက်ရောက်ခဲ့ကြပြီး ငါးမွေးမြူသူလုပ်ငန်းရှင်(၁၇)ဦး၏ ဧက(၅၀၀)အတွက် ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ (၁၀)သိန်းအား ထောက်ပံ့ပေးအပ်သည်။ 

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က အမှတ်တရသစ်ပင်များ စိုက်ပျိုးပေးသည်။ ထို့နောက် ရေအရည်အသွေးစစ်ဆေးရေးနှင့် ဓာတ်ခွဲခန်းအား ကြည့်ရှုပြီး ဆောင်ရွက်ပေးနိုင်မှု အခြေအနေများ မေးမြန်း၍ လိုအပ်သည်များ မှာကြားခဲ့သည်။ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များ ထောက်ပံ့ပေးရာတွင် ပဲခူးနှင့် သနပ်ပင်မြို့နယ်များ၌ ငါးမွေးကန်များ (စုရပ်)သို့ အရောက်ပို့ပေးခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်