ဆိုးလ် ၉ ဩဂုတ်
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော စနေနေ့ကတည်းက မိုးသည်း ထန်စွာရွာသွန်းခဲ့မှုကြောင့် ဩဂုတ် ၈ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ အထိ သေဆုံးသူ ၂၁ ဦးအထိ ရောက်ရှိ လာခဲ့ကြောင်း ဗဟိုသဘာဝဘေးနှင့် လုံခြုံရေးတန်ပြန်ဆောင်ရွက်မှုအဖွဲ့ က ဩဂုတ် ၈ ရက်က ပြောကြားလိုက်သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုများသည် ဆိုးလ်နှင့်အနီးဝန်းကျင်ဒေသ များအပါအဝင် နိုင်ငံ၏အလယ်ပိုင်း ဒေသအနှံ့အပြားအထိ ပျံ့နှံ့ခဲ့ရုံသာမက တောင်ပိုင်းဒေသအထိ ပျံ့နှံ့ခဲ့သည်။
အစိုးရသည် အလယ်ပိုင်းဒေသ ခုနစ်မြို့ကို အထူးဘေးဒုက္ခဇုန်များအဖြစ် သတ်မှတ်ပြီး အကူအညီ အမြန် ပေးရန် လုပ်ဆောင်လျက်ရှိသည်။
ဩဂုတ် ၇ ရက်က တောင်ဂျိုလာ ပြည်နယ် ဂေါ့ဆောင်းကောင်တီတွင် မြေပြိုမှုဖြစ်ပွားခဲ့ရာ လူလေးဦး သေဆုံးခဲ့ပြီး တစ်ဦးပျောက်ဆုံးခဲ့သည်။
ထို့အပြင် လှေနစ်မြုပ်မှုတစ်ခု တွင်လည်း လူနှစ်ဦးသေဆုံးပြီး ငါးဦး ပျောက်ဆုံးခဲ့သည်။ သို့သော်လည်း အဆိုပါစာရင်းကို သဘာဝဘေးကြောင့် သေဆုံးသည့် စာရင်းထဲမထည့်ဘဲ ပင်လယ်ရေကြောင်း မတော်တဆမှု အဖြစ် သတ်မှတ်ခဲ့သည်။
နိုင်ငံတစ်ဝန်း အိမ်ထောင်စုပေါင်း ၁၈၅၃ စုတွင် လူပေါင်း ၃၀၅၉ ဦး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စိုက်ပျိုးမြေဧက ၈၄၃၉ ဟက်တာ ပျက်စီးခဲ့ပြီး အဆောက်အအုံနှင့် ပိုင်ဆိုင်မှုပေါင်း ၈၂၄၆ ခုလည်း ပျက်စီးခဲ့သည်။
ဆင်ဟွာ