ဘေရွတ် ၉ ဩဂုတ်
ဘေရွတ်မြို့ ဆိပ်ကမ်းတွင် ဩဂုတ် ၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သိုလှောင်ထားသော စားနပ်ရိက္ခာများ ဆုံးရှုံးသွားသည့်အတွက် လက်ဘနွန်နိုင်ငံ၏ အစားအစာဖူလုံရေးကို အထူးစိုးရိမ်မိသည်ဟု ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်က ထုတ်ဖော်ပြော ကြားခဲ့သည်။
လက်ဘနွန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၄၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၀၀၀ ဒဏ်ရာရရှိခဲ့သည်။
အပြည်ပြည်ဆိုင်ရာမှ ကယ်ဆယ်ရေးအဖွဲ့များသည် ပျောက်ဆုံးနေသည့် လူများကို ဆက်လက်ရှာဖွေနေ ဆဲဖြစ်သည်။ ပေါက်ကွဲမှုကြောင့် တိုင်းပြည်၏ အဓိကအစားအစာများ သိုလှောင်ရာ ဆိပ်ကမ်းအဆောက် အအုံ ပျက်စီးသွားသည်။
လက်ရှိကြုံတွေ့နေရသည့် ဘေးအန္တရာယ်ကို ရင်ဆိုင်ရန် လက်ဘနွန် နိုင်ငံတွင် အရင်းအမြစ် အနည်းငယ် သာရှိကြောင်း လက်ဘနွန်စီးပွားရေး နှင့်ကုန်သွယ်ရေးဝန်ကြီးက ပြောသည်။ သွင်းကုန်ပစ္စည်းများမှာ တိုင်းပြည် အစားအသောက်လိုအပ် ချက်၏ ၈၅ ရာခိုင်နှုန်းရှိသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ဩဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။
ယခင်ကတည်းက အစားအစာဖူလုံရေးနှင့် စီးပွားရေးတွင် အခြေအနေ ဆိုးရွားနေသည့် လက်ဘနွန်နိုင်ငံအတွက် ဘေရွတ်ဆိပ်ကမ်း၌ ပေါက်ကွဲမှုဖြစ်ပွားခြင်းမှာ ပိုမိုဆိုးရွားစေသည့် အရာပင်ဖြစ်သည်ဟု ကုလသမဂ္ဂအေဂျင်စီက ပြောသည်။
ယခုအခါတွင် ဘေရွတ်မြို့၌ လူတစ်ဦး ပေါင်မုန့်ဝယ်ယူနိုင်သည့် အများဆုံးပမာဏမှာ ပေါင်မုန့် နှစ်ထုပ်သာ သတ်မှတ်ထားကြောင်း ယင်းမြို့တွင် ရောက်ရှိနေသည့် ဂျပန်နိုင်ငံမှ ပရဟိတအဖွဲ့ဖြစ်သည့် PARCIC မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကာဇာမာမစ်ဆူရူက ပြောသည်။ လက်ဘနွန်နိုင်ငံမှ ပြည်သူများ အငတ် ဘေးမဆိုက်ခင် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းမှ အကူအညီများ ရယူရန်လိုအပ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ