စေတုတ္တရာ ၉ ဩဂုတ်

 

၂၀၂၀ပြည့်နှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာတစ်နိုင်ငံလုံးတွင် ပညာရေးဝန်ကြီးဌာန Website များမှတစ်ဆင့် ဩဂုတ် (၉)ရက် နံနက်(၀၀.၃၀)အချိန်တွင် ထုတ်ပြန်ကြေညာခဲ့ရာ စေတုတ္တရာမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ (၃၆.၆၅) ရာခိုင်နှုန်း ရှိပြီး ယခင်နှစ်များထက် အောင်ချက်ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ကြောင်း သိရသည်။

 

စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲကို အ.ထ.က စေတုတ္တရာ၊ အ.ထ.က(ဘူး)၊ အ.ထ.က(တန့်လည်ကျင်း) အစရှိသည့် စာစစ်ဌာန သုံးခုဖြင့် ကျင်းပခဲ့ရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၅၂၀)ဦး၊ ကျောင်းသူ(၆၂၆)ဦး စုစုပေါင်း(၁၁၄၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ တက္ကသိုလ်ဝင်တန်းအောင်မြင်သူအနေဖြင့် ကျောင်းသား(၁၇၀)ဦး၊ ကျောင်းသူ (၂၅၀)ဦး စုစုပေါင်း (၄၂၀)ဦး ရှိပြီး အောင်ချက်ရာခိုင်နှုန်း (၃၆.၆၅)ရာခိုင်နှုန်းရှိကာ ယခင်နှစ်များထက် အောင်မြင်မှုရာခိုင်နှုန်း ပိုမို မြင့်တက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)