ရိခေါ်ဒါရ် ၉ ဩဂုတ်

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက တစ်နိုင်ငံလုံး၌ ထုတ်ပြန်ကြေညာခဲ့ရာ ရိခေါ်ဒါရ်မြို့ စာစစ်ဌာနအနေဖြင့် အောင်ချက်ရာခိုင်နှုန်း ၁၈.၇၅ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်များထက် စာမေးပွဲအောင်ချက်ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။

 

ရိခေါ်ဒါရ်မြို့ စာစစ်ဌာန၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသားကျောင်းသူ စုစုပေါင်း ၆၄ ဦးရှိခဲ့ရာ စာမေးပွဲအောင်မြင်သူ ကျောင်းသားကျောင်းသူ ၁၂ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၁၈.၇၅ ရှိကြောင်း၊ ယခင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသားကျောင်းသူဦးရေ ၅၀ ဦးရှိပြီး စာမေးပွဲအောင်မြင်သူ ၇ ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း ၁၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်းသည် ယခင်နှစ်ထက် တိုးတက်လာကြောင်း သိရသည်။

 

ရိခေါ်ဒါရ် ပြန်/ဆက်