အိမ်မဲ ၉ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ ပြည်သူ့ဆေးရုံ လုပ်ငန်းများအား တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဋ္ဌာနမှူးက ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဋ္ဌာနမှူး ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က အိမ်မဲမြို့နယ်ကျန်းမာရေးဦးစီးဋ္ဌာနသို့ ကွင်းဆင်းပြီး တည်ဆောက်ရေးလုပ်ငန်းများ၊ ဆေးရုံ၏ ဆေးဝါးကုသရေး လုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ကြီးကြပ်စစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)
