ဒီးမော့ဆို  ဩဂုတ်

 

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ထီးဖိုးကလိုးကျေးရွာရှိ ထီးဖိုးကလိုးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသည် စိုက်ပျိုးစရိတ်ချေးငွေ အတိုးနှင့် အရင်းများကို အချိန်နှင့် တစ်ပြေးညီ ချေးငွေပေးဆပ်ရမည့်အကြိမ်တိုင်းတွင် သတ်မှတ်ရက်အတွင်း ပြန်လည်ပေးဆပ်နိုင်ခဲ့သော တာဝန်ကြေသမဝါယမအသင်းနှင့် အသင်းသားများအဖြစ် ရပ်တည်နေခဲ့ပြီး လယ်ယာမြေများ ကိုလည်း ခေတ်စနစ်နှင့်အညီ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်နိုင်ကာ လိုအပ်သော သွင်းအားစုများကို လည်း ပုံမှန်ဖြည့်တင်းပေးသဖြင့် စိုက်ပျိုးသီးနှံများ ပိုမိုအထွက်တိုးကာ အသင်းသားများဝင်ငွေတိုး လျက်ရှိကြောင်း သိရသည်။

 

Myanmar Digital News